thumb

ကျောင်းပိတ်ရက်တွေမှာ အကျိုးရှိစေမယ့် YouTube ပညာရေး ချန်နယ်များ

ခေတ်ကလေးတွေက တီဗီနားမထိုင်ချင်တော့ဘူး။ သူတို့ ကြိုက်တဲ့ ချန်နယ်တွေက နည်းသလို၊ အင်တာနက်လို့ ကြိုက်ရာ ရွေးကြည့်လို့ ရတဲ့ အစီအစဉ်မဟုတ်တော့ ခေတ်က YouTube လို ဖျော်ဖြေရေးတွေဘက် လှည့်ကုန်တယ်။ YouTube က လည်းစုံတယ်။ သီချင်း၊ ဇာတ်လမ်း၊ ဖျော်ဖြေရေး၊ သတင်း နဲ့ ပညာရေး ဆိုင်ရာ အစီအစဉ်တွေ စုံလို့။ နွေကျောင်းကလည်းပိတ်၊ ကပ်ရောဂါကလည်း ကြောက်ရတော့ အိမ်မှာပဲ အကျိုးရှိရှိနဲ့ HomeSchooling လုပ်မလား YouTube ချန်နယ်ကောင်းလေးတွေ ရှိပါတယ်။ အရွယ်နဲ့ လိုက်မယ့် ချန်နယ်ရွေးပြီး ကြည့်နိုင်ပါတယ်။

Smithsonian Channel

ဒီချန်နယ်က အမေရိကန်ရဲ့ အခပေး ရုပ်သံ ကနေ တရားဝင်တင်ထားတဲ့ ချန်နယ်တစ်ခုပါ။ သမိုင်းဆိုင်ရာ တွေ၊ သိပ္ပံဆိုင်ရာတွေ၊ ယဉ်ကျေးမှု ဆိုင်ရာတွေ ကို တန်ဘိုးရှိရှိ တင်ပြနေတဲ့ ပညာရပ်ဆိုင်ရာ ဆိုဒ် တစ်ခုဖြစ်ပါတယ်။

ကြည့်ရန်

Houston Zoo

တိရစ္ဆာန်လေးတွေကို ချစ်တတ်ရင် အကောင်းဆုံး ချန်နယ်လို့ပြောရမယ်။ ကလေး၊ လူကြီးလေ့လာနိုင်တဲ့ ဆိုဒ်ပါ။ ပညာရေး အတွက်လည်း အကျိုးရှိသလို၊ ဖျော်ဖြေရေးလည်းဆန်တဲ့ ချန်နယ်တစ်ခုဖြစ်ပါတယ်။

ကြည့်ရန်

Word World

ဒီချန်နယ်က အသစ်ပါ။ ၂၀၁၉ စက်တင်ဘာမှ စတင်ခဲ့တာပါ။ ဒါပေမယ့် ကလေးငယ်တွေ အတွက် စကားလုံးတွေကို ကာတွန်းဇာတ်ကောင် တွေနဲ့ ချပြသင်ပေးထားတာ သိပ်ကောင်းပါတယ်။

ကြည့်ရန်

Sesame Street

ဒီချန်နယ်ကတော့ ကြည့်ရှုသူ ၁၄ သန်းကျော်ရှိပြီး ကလေးငယ်တွေ(အထူးသဖြင့် မူကြိုအရွယ်) ပညာရေး အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ Non-profit ဖြစ်ပေမယ့် ကလေးငယ်တွေ အများစုသိကြ၊ကြိုက်ကြ တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Elmo, Cookie Monster, Big Bird, Grover, Oscar, Bert & Ernie, Telly, Zoe, Rosita, Baby Bear တို့ ပါဝင်ပြီး၊ ကလေးတွေရဲ့ စိတ်ကို ပါ ပြင်ပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းဖန်တီးပေးတဲ့ ချန်နယ်ကောင်းဖြစ်ပါတယ်။ အပတ်စဉ် အစီအစဉ်ကောင်း ဗီဒီယိုတွေလည်း ထုတ်လွင့်တင်ပေးနေလို့ လက်မလွတ်တမ်းကြည့်သင့်ပါတယ်။

ကြည့်ရန်

Dave and Eva

(၅)နှစ်အောက်ကလေးငယ်တွေအတွက် အကောင်းဆုံး ချန်နယ်လို့ပြောရမယ်။ ချစ်စရာကောင်းတဲ့ ကာတွန်းအယ်နီမေးရှင်တွေရဲ့ ရုပ်ထွက် နဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်ကောင်းလေးတွေက ကလေးတွေကို အငိုတိတ်စေတာအမှန်ပါပဲ။

ကြည့်ရန်